စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲကို ဖျက်သိမ်းပြီး မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။ စာနယ်ဇင်း လွတ်လပ် ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင်ရန် ၂ဝ၁၂ ခုနှစ် သြဂုတ် ၂ဝရက်မှစ၍ ကြိုတင်စိစစ်သည့်စနစ်ကို လုံး၀ ဖျက် သိမ်းခဲ့ကြောင်း၊ ယခင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနခွဲကိုလည်း ဖျက်သိမ်းနိုင်ရန် ဇန်နဝါရီ ၂၄ ရက်တွင် ပြုလပ်သည့် ပြည်ထောင် စု အစိုးရအဖွဲ့ အစည်းအဝေးက ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် မူပိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ခြင်း လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် မှတ်ပုံတင်လုပ်ငန်းများကို ဒီမိုကရေစီ စနစ်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့် နှင့် မှတ်ပုံတင်ဌာနခွဲ အသစ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်တွင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်ခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနရုံးများနှင့် ဆက်စပ်၍ ပိုမိုလျင်မြန် လွယ်ကူ ကျယ်ပြန့်စွာ ဆောင်ရွက် သွားနိုင်မည် ဖြစ်ကြေင်းသိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။