သတင်းတို

စစ်တွေ ဆိပ်ကမ်းတွင် လက်နက်နှင့် စိတ်ကြွဆေးများ ဖမ်းမိ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် စစ်တွေမြို့ သဘောၤ ဆိပ်ကမ်းတွင် ခြောက်လုံးပြူး လုပ်သေနတ် တလက် အပါအဝင် သေနတ် ကျည်ဆန်၊ လက် ပစ်ဗုံး နှင့် စိတ်ကြွဆေး ၅ သောင်း နီးပါးကို ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။ စစ်တွေမှ ဘူးသီးတောင် မြို့သို့ ထွက်ခွာမည့် မလိခ အမြန်ရေယာဉ် ပေါ်တွင် ခြောက်လုံးပြူး လုပ်သေနတ် တလက်၊ ကျည်မျိုးစုံ ၂၆ တောင့်၊ ၉၁ မမ လက်ပစ်ဗုံး တလုံး၊ ၉ မမ ကျည်အိမ် တခု၊ WCDMA-450 လက်ကိုင်ဖုန်း တလုံးနှင့် WY စိတ်ကြွဆေးပြား ၄၉၆၀၀ တို့ကို ဖမ်းဆီးရမိခြင်း ဖြစ် သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

Loading