အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်ရာ တေးသီချင်းများကို BBC ရေဒီယို ၏ လာမည့် တနင်္ဂနွေနေ့“Desert Island Discs” အစီအစဉ်၌ ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်အတွက် နေပြည်တော်အထိ သွားရောက် အသံဖမ်းယူခဲ့သည်ဟု ဆိုသည်။ နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည့် BBC ၏ ယင်းအစီအစဉ်သည် တခြားနိုင်ငံများက ထင်ပေါ်ကျော်ကြားသော ဝန်ကြီးချုပ်များ၊ နိုင်ငံရေးသမားများ၊ ဘာသာရေး ခေါင်းဆောင်များ၊ မင်းဆွေမင်းဆက်များ၊ ရုပ်ရှင်နှင့် တေးဂီတ သရုပ်ဆောင် အဆိုတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ ရှိသူများနှင့် တွေ့ဆုံပြီး ထုတ်လွှင့်သည့် အစီအစဉ် ဖြစ်သည်ဟု AFP သတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။