ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ ဂျပန် Seven ဘဏ်မှတဆင့် မြန်မာနိုင်ငံသို့ ငွေပို့နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်ကိုလုပ်ကိုင်မည့် Seven & i Holdings Co., ဘဏ်အုပ်စုသည် ဒေသတွင်းနှင့် အခြားနိုင်ငံပေါင်း ၂၀၀ သို့ ချိတ်ဆက် ၍ ငွေလွှဲဝန်ဆောင်မှုပေးလျက်ရှိသည်ဟု The Daily Yomiuri သတင်းတွင် ဖော်ပြထားသည်။ ဂျပန်ရှိ ယင်း ဘဏ်၏ ATM စက် ၁၇၀၀၀ မှ တဆင့် တကြိမ်လျှင် ဂျပန် ယန်း ၅ သိန်း အထိ ငွေလွှဲနိုင်ကြောင်း သိရသည်။ လွှဲပို့ပေးသည့် ငွေကိုလည်း အမေရိကန် ငွေလွှဲလုပ်ငန်း တခု ဖြစ်သည့် Western Union နှင့် ချိတ်ဆက် ဆောင်ရွက်နေသော ဘဏ် ၁၅၅ ခု၌ မြန်မာ ကျပ်ငွေနှင့် လဲလှယ် ထုတ်ယူနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ၈၀၀၀ ကျော်ရှိရာ ယခု အစီအစဉ်မှာ ၎င်းတို့အတွက် အဆင်ပြေစေမည်ဟု မျှော်လင့်ကြောင်း ဘဏ် တာဝန်ရှိသူက ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။