သတင်းတို

ဆီးဂိမ်းတွင် အားကစားနည်း ၅ မျိုး မြန်မာ ဖြုတ်ပယ်

This article has been converted from Zawgyi One to Unicode

မြန်မာပြည်တွင် ပြုလုပ်မည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတွင်  အားကစားနည်း ၅ ခုကို အိမ်ရှင် မြန်မာနိုင်ငံက ဖြုတ်လိုက်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။ ယင်း ဖြုတ်လိုက်သည့်  ကစားနည်း ၅ ခုမှာ တင်းနစ် (Tennis)၊ စားပွဲတင်တင်းနစ်/ပင်ပေါင် (Table tennis)၊ ကြက်တောင် (Badminton)၊ ဘားတန်းခုန် (Gymnastics)၊ ဟော်ကီ (Field hockey) တို့ ဖြစ်သည်။ ထိုသို့ အားကစား ၅ ခု ဖြုတ်လိုက်ခြင်းကြောင့် ထိုင်းနှင့် စင်ကာပူတို့က လာမည့် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ဆီးဂိမ်းအဖွဲ့ချုပ် ဆွေးနွေးပွဲတွင် ကန့်ကွက်ပြောဆိုမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ဒီဇင်ဘာ ၁၁ တွင် ကျင်းပရန် လျာထားသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဖြစ်သည်။

Loading