သတင်းတို
UWSA ကို တရုတ် လက်နက်များ ရောင်းချ
This article has been converted from Zawgyi One to Unicode
တရုတ်အစိုးရ က ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)ကို စစ်လက်နက် ပစ္စည်းများ ရောင်းချ ပေးနေကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက UWSA သို့ ရောင်းချခဲ့သော စစ်လက်နက်များမှာ မြေပြင်မှ ဝေဟင်ပစ် Missile ဒုံးလက်နက်များနှင့် သံချပ်ကာကား အနည်းဆုံး ၁၂ စီး ပါဝင်ကြောင်း Jane ထောက်လှမ်းရေး အစီရင်ခံစာကို ကိုးကား၍ VOA သတင်း၌ ဖော်ပြထားသည်။