သတင်းတို

လူ ၅ ဦးထက် ပိုမစုဝေးရ အမိန့်ကို ပယ်ဖျက်

This article has been converted from Zawgyi One to Unicode

ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သော ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်စွဲပါ အမိန့်အမှတ် ၂/၈၈ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၇ နှင့် ဆန့်ကျင်သဖြင့် ယင်းအမိန့်ကို နိုင်ငံတော် သမ္မတရုံး အိမိန့်အမှတ် ၃/ ၂၀၁၃ အရ ပယ်ဖျက်လိုက်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ယင်း အမိန့်အမှတ် ၂/၈၈ သည် လူ ၅ ယောက်ထက်ပို မစုရ၊ ဆန္ဒမပြရ စသည့် အချက်များပါဝင်ပြီး စစ်အစိုးရ အုပ်ချုပ်ရေးကာလ တလျှောက် ၂၄ နှစ်ကြာ လက်ကိုင်ပြု ကျင့်သုံးခဲ့သည့် ဥပဒေဖြစ်သည်။

Loading