မြန်မာနှင့် လာအိုနိုင်ငံတို့ကို ဆက်သွယ်မည့် ပထမဆုံး တံတားတခုကို လာမည့် ဖေဖော်ဝါရီလ၌ စတင်တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ယင်းချစ်ကြည်ရေး တံတားကို လာအိုနိုင်ငံ လန်နမ်သာ ပြည်နယ် ဆန်ကွတ်ခ် ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းလတ်သို့ မဲခေါင်မြစ်ကို ဖြတ်ကာ တည်ဆောက်မည် ဖြစ်ပြီး တံတားအရှည် ၆၆၀ မီတာနှင့် အကျယ် ၉ မီတာရှိကာ တံတား တဖက်တချက်တွင် လူသွားလမ်းများ ပါရှိမည်ဟု မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။ မြန်မာနိုင်ငံသည် လာအိုနိုင်ငံနှင့် ၁၉၅၅ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေး ရှိခဲ့ပြီး၊ ယင်းတံတား တည်ဆောက်ခြင်းကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေမည့်အပြင် စီးပွားရေး၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်လာမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။