သတင်းတို
ရခိုင်ပြည်နယ်အတွက် အမေရိကန်က ဒေါ်လာ ၄ သန်းကျော် ထပ်ကူ
This article has been converted from Zawgyi One to Unicode
ပဋိပက္ခများအပြီး ရခိုင်ပြည်နယ် ဒုက္ခသည်များ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၄.၂ သန်း ထပ်မံ အကူအညီပေးခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ရခိုင်ပြည်နယ် အတွက် ထည့်ဝင်သည့် အကူအညီ စုစုပေါင်း ၇.၂၉ သန်း ရှိသွားပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့ အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော လိုအပ်ချက်များကို ကူညီဖြည့်ဆည်းရန် USAID ၏ နိုင်ငံခြား ကပ်ဒုက္ခ အကူအညီပေးရေးရုံး (OFDA)၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် Save the Children တို့မှ တဆင့် လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံတကာမူအတိုင်း ကူညီလုပ်ဆောင်သွားမည်ဟု သိရသည်။