မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကင်းမျှော်စင် တည်ဆောက်မှုကို မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကွဲရေး (နစက) က ကန့်ကွက်သော်လည်း ဘင်္ဂလားဒေ့ရှ်က နိုင်ငံတကာ ဥပဒေနှင့်အညီ တည်ဆောက်ခြင်းဖြစ်သည်ဟု ပြန်လည်ချေပခဲ့ကြောင်း သိရသည်။ ယမန်နေ့က ကျင်းပသော နှစ်နိုင်ငံ နယ်ခြားစောင့်တပ် တွေ့ဆုံဆွေးနွေးပွဲတွင် နစက က ယင်းသို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ စည်းမျဉ်းအတိုင်း နယ်စပ်နှင့် ကိုက် ၃၀၀ ကျော်အကွာတွင် တည်ဆောက်ခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ ချေပကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အမှတ် (၁၇) က တောင်ပြိုနယ်စပ် အနီးတွင် ကင်းမျှော်စင်ကို ယခုလ အစောပိုင်းက စတင် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။