• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို သတင်းသမားများ တုံ့ပြန်ငြင်းဆို

by စနေလင်း
30 January 2013
in သတင်း
A A
ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ကို သတင်းသမားများ တုံ့ပြန်ငြင်းဆို

နလုန်းအမည်ရှိ ကချင်ရွာ မီးလောင်နေစဉ် (ဓာတ်ပုံ/ ဧရာဝတီ)

29.3k
VIEWS
Share on FacebookShare on Twitter

ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပါရှိသော ပြည်တွင်းပြည်ပ မီဒီယာတချို့သည် ကချင်အရေးနှင့် ပတ်သက်၍ ဖော်ပြရာတွင် တဘက်စောင်းနင်း ဖြစ်နေသည်ဆိုသည့် အချက်ကို ပြည်တွင်းပြည်ပ သတင်းသမားများက ထိုသို့မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်ကြသည်။

လက်ရှိအချိန်အထိ တပ်မတော်ဘက်မှ ပွင့်လင်းမြင်သာမှုမရှိဘဲ သတင်းထုတ်ပြန်မှု တချို့တွင်လည်း နှောင့်နှေး ကြန့်ကြာ မှုများ ရှိသည့်အတွက် သတင်းသမားများအနေဖြင့် ရသည့်ဘက်မှ ရေးသားရခြင်းမျိုးသာဖြစ်သည်ဟု 7Day News ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုအားမာန်က ပြောသည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
336
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
12
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.1k

၂၀၁၂ ခုနှစ် သြဂုတ်လ မတိုင်ခင်အထိ စာပေစိစစ်ရေး ရှိနေသောကြောင့် ထိုသတင်းမျိုးကို ရေးသား၍ မရခဲ့ကြောင်း၊ အခုနောက်ပိုင်းမှ ပိုမိုရေးသားခဲ့ကြောင်း၊ သို့ရာတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဘက်သို့မေးမြန်းရာတွင် လွယ်ကူသော်လည်း အစိုးရ တပ်မတော်ဘက်သို့ မေးမြန်းရာတွင် မည်သည့် အချိန်ကမှ မရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“KIA ဘက်မှာ အွန်လိုင်းကပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ်၊ လူကိုယ်တိုင်ကွင်းဆင်းပြီး သတင်းယူရင်ပဲ ဖြစ်ဖြစ် အားလုံး အဆင်ပြေတယ်။ မေးချင်တာ အကုန်လုံးဖြေတယ်။ ပွင့်လင်းမြင်သာတယ်။ တပ်မတော်ဘက်က စစ်ပွဲနဲ့ပက်သက်တဲ့ မှတ်ချက်တွေ၊ အချက်အလက်တွေ တောင်းရင် ဘယ်တုန်းကမှ မရခဲ့ဘူး” ဟု သူက ဆိုသည်။

ထို့အပြင် KIA စစ်ကြောင်းနှင့် လိုက်ပါသတင်းယူလျှင် လွယ်ကူသော်လည်း အစိုးရ တပ်မတော် စစ်ကြောင်းနှင့် သတင်း လိုက်ယူရာတွင် လက်မခံကြောင်း၊ သတင်းသမားများ အနေဖြင့် နှစ်ဘက်စလုံးမှ သတင်းများကို ရေးသားချင်သော်လည်း သတင်းဌာနများ အနေဖြင့် အချိန်နှင့်အမျှ ထုတ်ပြန် ရေးသားရသောကြောင့် အချိန်နှင့် တပြေးညီ မှန်ကန်သော ဖြေရှင်းချက် များ၊ ထုတ်ပြန်မှုများပြုလုပ်ရန် လိုအပ်ကြောင်း AP သတင်းဌာနမှ ဒေါ်အေးအေးဝင်းက ပြောသည်။

အစိုးရ တပ်မတော်ဘက်မှ သတင်းအချက်အလက်နှင့် ပက်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ တဦးကို ခန့်အပ်ထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ တဘက်တည်းက ပွင့်လင်းမြင်သာစွာ ပြောဆိုသောကြောင့် ထိုတဘက်မှ ထုတ်ပြန်ချက် များကိုသာ ဖော်ပြနေရခြင်းအပေါ် စိတ်မဆိုးသင့်ဘဲ ပြုပြင်ရန်လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။

“KIA နဲ့ ဆက်သွယ်ပြီး အဲဒီနယ်မြေအထိ သတင်းလိုက်ယူလို့ရတယ်။ အစိုးရ စစ်တပ်နဲ့က အဲဒီလိုလုပ်ဖို့ ကြိုးစားလို့မရဘူး။ အဲဒါတွေကို ချေဖျက်ချင်ရင် ဒီလိုဖြစ်တာကို စိတ်ဆိုးမနေဘဲနဲ့ ဒါကိုပြုပြင်ပေးလိုက်ရင် ပြီးတာပဲ။ များများ သတင်းထွက်အောင် လုပ်ပေးလိုက်ပေါ့။ သူတို့ဘက်က ဟာလည်းရေးချင်တာပဲ” ဟု သူက ဆက်ပြောသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်က အစိုးရ၏ သတင်းထုတ်ပြန်မှုများသည် အလွန်နှေးကွေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ကချင်စစ်ပွဲနှင့် ပက်သက်ပြီး အစိုးရဘက်မှ အနည်းငယ် ဖော်ပြခဲ့ကြောင်း၊ သတင်းဌာနများ အနေဖြင့် ရသလောက် မျှတစွာ ထည့်သွင်း ရေးသားခဲ့ကြကြောင်း Open News ဂျာနယ်မှ အယ်ဒီတာချုပ် ဦးသီဟစောက ဆိုသည်။

စာနယ်ဇင်း ကျင့်ဝတ်အရ ဘက်မျှစွာ ဖော်ပြရမည်သာ ဖြစ်ကြောင်း၊ စာနယ်ဇင်း သမားများအနေဖြင့် ကြိုးစား ဆောင်ရွက်သော်လည်း အများအားဖြင့် ရသလောက်သာ ထည့်သွင်းရေးသား ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

“အရေးကြီးတာက အစိုးရနဲ့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မြန်မယ်၊ အချိန်မရွေး မေးလို့ရမယ် ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့” ဟု ဦးသီဟစောက ဆိုသည်။

မီဒီယာများအနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် တဘက်စောင်းနင်း ရေးသားနေခြင်း မဟုတ်ကြောင်း၊ ပြည်ပသတင်းဌာနများတွင် ဖော်ပြချက်များသည်လည်း ပညာရှင်ပီသစွာ ရေးသားထားချက်များသာ ဖြစ်ကြောင်း၊ လက်ရှိအစိုးရ သတင်းဌာန များတွင်သာ ၎င်းတို့၏ တဘက်သက် အကြောင်းအရာများကို ရေးသားထားသည်များ တွေ့ရကြောင်း 7Day News ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုအားမာန်က ပြောသည်။

ပြည်တွင်း ပြည်ပ သတင်းဌာနများ အနေဖြင့် တိုက်ပွဲ ဖြစ်ပွားရာ ဒေသများအထိ သွားရောက် သတင်းယူခြင်းများ ရှိသော်လည်း တိုက်ပွဲဖြစ်နေသည့် နှစ်ဦးနှစ်ဘက်က သတင်းထောက်များ အတွက် လုံခြုံရေး အာမခံပေးမှု မရှိခြင်းကြောင့် သတင်းအချက်အလက်၊ ဓာတ်ပုံနှင့် ရုပ်သံ သတင်းများ တိုက်ပွဲအတွင်း ရယူနိုင်ရန် ခက်ခဲသည်ဟု ကချင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာ ဒေသများအထိ သွားရောက်သတင်းယူခဲ့သူ သတင်းထောက်များက ဆိုသည်။

နိုင်ငံတကာတွင် စစ်ပွဲများ အတွင်း သတင်းလိုက်ယူသည့် သတင်းထောက် များအတွက် အာမခံသည့် စံနှုန်းများ ရှိပြီး ဖြစ်၍ ိယင်းစံနှုန်းများကို တိုက်ပွဲဖြစ်နေသည့် နှစ်ဘက် အဖွဲ့အစည်းက လိုက်နာကူညီမှသာ အမှန်တကယ် ဖြစ်ပျက်နေသည့် သတင်းအချက် အလက်များ၊ ဓာတ်ပုံများနှင့် ရုပ်သံ မှတ်တမ်းများကို လူထုအား မှန်ကန်စွာ အသိပေး တင်ပြနိုင်မည် ဖြစ်ကြောင်း ပြည်တွင်း ပြည်ပ သတင်းသမားများက သုံးသပ်သည်။

Your Thoughts …
Tags: KIAMedia
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.2k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post

ငြိမ်းချမ်းရေး လမ်းလျှောက်သည့် သတင်းယူသူ အထူးသတင်းတပ်ဖွဲ့ရုံးတွင် ရောက်ရှိ

လေလှိုင်းထဲက ကချင်တိုက်ပွဲ

လေလှိုင်းထဲက ကချင်တိုက်ပွဲ

Please login to join discussion
No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate