သတင်းတို

ငြိမ်းချမ်းရေး လမ်းလျှောက်သည့် သတင်းယူသူ အထူးသတင်းတပ်ဖွဲ့ရုံးတွင် ရောက်ရှိ

This article has been converted from Zawgyi One to Unicode

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ သတင်းယူသူ ပြင်သစ်နိုင်ငံသားကို ရန်ကုန် ၈ မိုင်ရှိ အောင်သပြေ အထူးသတင်းတပ်ဖွဲ့ ရုံးချုပ်တွင် ထိန်းသိမ်းထားကြောင်း အဆိုပါ ပြင်သစ်နိုင်ငံသား Mr. Christofa က ဧရာဝတီကို ပြောသည်။ ယနေ့ ညနေ ၆ နာရီခန့်တွင် ဧရာဝတီသတင်းထောက်က ၎င်း၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခဲ့ရာ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံသားနှင့် ဧရာဝတီ သတင်းထောက်တို့ စကားပြောဆိုနေစဉ် အထူးသတင်းတပ်ဖွဲ့ရုံးရှိ တာဝန်ရှိသူတဦးက လက်ကိုင်ဖုန်းကို ဆွဲယူကာ ဖုန်းပိတ်လိုက်သောကြောင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

Loading