သတင်းတို

KIA သတင်း ဓာတ်ပုံ အစိုးရသတင်းစာ မှားယွင်းဖော်ပြ

This article has been converted from Zawgyi One to Unicode

အစိုးရသတင်းစာများ၌ ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအို ကားလမ်းပေါ်၌ KIA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်သည့် သတင်းတွင် မှားယွင်း ဖော်ပြ ထားသည့် မော်တော် ဆိုင်ကယ်ပုံနှင့် ပတ်သက်၍ ယနေ့ထုတ် သတင်းစာများတွင် တောင်းပန် ထားသည်။ ဇန်နဝါရီ ၂၈ ရက်ထုတ် သတင်းစာများတွင် ယင်းမှားယွင်း ဖော်ပြခဲ့သည့် ဓာတ်ပုံမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် အဲပုဂံ လေယာဉ် ပျက် ကျမှု သတင်းနှင့် ပတ်သက်ပြီး မြန်မာတိုင်းမ် (အင်္ဂလိပ်) ဂျာနယ် အမှတ်စဉ် ၆၅၉ စာမျက်နှာ ၄ ၌ ဖော်ပြခဲ့သည့် လေယာဉ်နှင့် တိုက်မိ ပျက်စီးသွားသည့် ဆိုင်ကယ်ဓာတ်ပုံ ဖြစ်သည်ဟု ဆိုသည်။

Loading