မြန်မာပြည်တွင် စက်ရုံထောင်ပြီး ရောင်းချသွားရန် ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ဘီယာကုမ္ပဏီ Carlsberg နှင့် “ပက်စီ” ဦးသိန်းထွန်းပိုင် Myanmar Golden Star Breweries တို့ သဘောတူညီခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။ Carlsberg က ၅၁ ရာခိုင်နှုန်းနှင့် Myanmar Golden Star Breweries က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ Carlsberg အနေဖြင့် အနောက်ဥရောပနှင့် အခိုင်အမာရှိပြီး ဈေးကွက်များတွင် အရောင်းကျလာပြီး ပေါ်ထွန်းစ ဈေးကွက်များသို့ ဦးလှည့်လိုသောကြောင့်ဟု သတင်းကဆိုသည်။ Carlsberg သည် တရုတ်နှင့် ဗီယက်နမ်တွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။