ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် ၁၉၂၊ ဗဟန်းမြို့နယ်တွင် ဗီယက်နမ်နိုင်ငံမှ ဟိုတယ်စီမံကိန်း တည်ဆောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း စီမံကိန်းသည် မြေအကျယ်အဝန်း ၁၈. ၁၃၁ ဧက ရှိပြီး ဟိုတယ် အခန်းပေါင်း ၄၁၄ ခန်းပါဝင်မည် ဖြစ်ကာ Commercial Center Office Building နှစ်လုံး၊ Service Apartment လေးလုံး ပါဝင်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံမှ Hoang Anh Gia Lai Myanmar Company Limited တို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး၊ စီမံကိန်းကို ယခုနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။