သတင်းတို

ကချင် ငြိမ်းချမ်းရေး တရုတ် ကြားဝင်ဆောင်ရွက်ဖွယ်ရှိ

This article has been converted from Zawgyi One to Unicode

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရ ငြိမ်းချမ်းရေးအတွက် တရုတ် နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ယနေ့ ဆွေးနွေးပွဲ စတင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲ၌ တရုတ် အစိုးရက သက်သေနေရာနှင့် ကြားဝင်စေ့စပ်သည့် အခန်း ကဏ္ဍက ပါဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းများက ဆိုသည်။ အစိုးရနှင့် KIA တပ်များ အကြား ၂၀၁၁ ခု ဇွန်လမှ စတင်၍ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြားခဲ့ပြီးနောက် ယခင်လ အတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။

Loading