ရွှေဂုံတိုင် ခုံးကျော်တံတား ၂၀၁၃ နိုဝင်ဘာ အပြီးသတ်မည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု များပြားလာနေသဖြင့် သွားလာရေး လွယ်ကူအဆင်ပြေစေရန် ရွှေဂုံတိုင် ခုံးကျော် တံတားကို တည်ဆောက်လျက်ရှိရာ လာမည့် နိုဝင်ဘာလ အပြီးသတ်မည် ဖြစ်ကြောင်း သိရသည်။ ထို ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်၍ ကက်ပီတယ် ဒီပလော့မင့် လီမီတက် မှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ တံတား ဒီဇိုင်းကို ဂျပန်နိုင်ငံ JFE ကုမ္ပဏီက ရေးဆွဲ ထုတ်လုပ်ကြောင်း၊ တံတား အရှည်မှာ ၄၈၁ မီတာ ရှိကြောင်း၊ တံတားအရှည် နှင့် ချဉ်းကပ်လမ်းများ အရှည် အပါအဝင် ၆၂၇.၇၅ မီတာ ရှိကြောင်း၊ လမ်းအကျယ်မှာ ၁၄.၂ မီတာ ဖြစ်ပြီး အမြင့် ၁၈ ပေ ဖြစ်ကြောင်း၊ ခံနိုင်ရည်ဝန်မှာ တန် ၆၀ ဖြစ်ပြီး တနာရီ ကီလို ၅၀ နှုန်းမောင်နှင် နိုင်ကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေးအတွက် မြေပန္နက်တင်ခြင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာတွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။