သတင်းတို

အစိုးရနှင့် KIO စစ်ရေးတင်းမာမှု လျှော့ချရေး ဆွေးနွေး

This article has been converted from Zawgyi One to Unicode

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အဖွဲ့တို့သည် ငြိမ်းချမ်းရေး အတွက် ယမန်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရဘက် က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ KIOအဖွဲ့မှ ဦးဆွမ်လွတ်ဂမ်နှင့် ဗိုလ်ချုပ်ဂွမ်မော် ၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန သံအမတ်ကြီး Mr. Luo Zhaohui ၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူး၊ ဦးဟန်ညောင်ဝေနှင့် Victor Biak Lian စသည့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ယင်းဆွေးနွေးပွဲမှ စစ်ရေးတင်းမာမှု လျှော့ချ နိုင်ရေး၊ ဖေဖော်ဝါရီလ မကုန်မီ နောက်တကြိမ် ဆွေးနွေးပွဲ ပြုလုပ်ရန်၊ ပဋိပက္ခ ဖြစ်ပွားနေသော နေရာများကို လေ့လာစောင့်ကြည့်ရေး အပါအဝင် အချက် ၅ ချက်ပါ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Loading