သတင်းတို

သမ္မတရုံး ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရ

This article has been converted from Zawgyi One to Unicode

နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက် ယနေ့ နံနက်ပိုင်းမှ စတင် တိုက်ခိုက်ခံရကြောင်း သတင်းရသည်။ နံနက် ၉ း ၃၀ နာရီမှ ၁၀ နာရီ အတွင်း အမေရိကန်၊ မလေးရှား၊ ရုရှား တို့မှ(အိုင်ပီလိပ်စာများမှ) တဆင့် တိုက်ခိုက်ကြောင်း၊ ၁၁ း ၁၀ နာရီ နှင့် ၁၁ း ၃၅ နာရီ တွင်လည်း ထပ်မံ တိုက်ခိုက်မှု ပြုလုပ်ကြောင်း၊ DDoS Request သိန်းနှင့်ချီ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စာဖတ် ပရိသတ်အား မေတ္တာ ရပ်ခံကြောင်း၊ လုံခြုံရေး ဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်) ၏ အင်တာနက် စာမျက်နှာ ၌ ရေးသားထားသည်။ The Voice weekly ဂျာနယ်၏ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာလည်း ယမန်နေ့က စတင် တိုက်ခိုက် ခံရ ကြောင်း သိရသည်။

Loading