• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ဒေသသို့ အကူအညီပေးရေး အဖွဲ့များ ပေးဝင်မည်

by ရန်ပိုင်
5 February 2013
in သတင်း
A A
ကချင်ဒေသသို့ အကူအညီပေးရေး အဖွဲ့များ ပေးဝင်မည်

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် အစိုးရဝန်ကြီးများ ကချင်ပြည်နယ်သို့ လာရောက်လေ့လာစဉ် (ဓာတ်ပုံ - Kachin Waves / Facebook)

3.9k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန်က ပဋိပက္ခ ဖြစ်ပွားနေသော ကချင်ဒေသရှိ စစ်ပြေးဒုက္ခသည်များကို ကူညီရန် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ INGO များအား သွားရောက်ခွင့်ပြုမည်ဟု သိရသည်။

သို့သော် အဆိုပါ INGO များ၏ လုံခြုံရေးအတွက်မူ  မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့မှ တာဝန်ယူရန် ညှိနှိုင်း ရဦးမည်ဖြစ်ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

RelatedPosts

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
1
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
976
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
680

ယနေ့တွင်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယားနှင့် အစိုးရဝန်ကြီးများဖြစ်သည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ လူမှုဝန်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း၊ တပ်ကုန်း ဒုက္ခသည် စခန်းနှင့် ဝိုင်းမော်ရှိ  မိုင်းနား ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ စစ်ပြေးဒုက္ခသည်များကို ကူညီရန် သွားရောက် လေ့လာသည်ဟု သိရသည်။

နေ့လည် ၁၂ နာရီခန့်တွင်  မစ္စတာ နမ်ဘီးယားနှင့် အစိုးရဝန်ကြီးအဖွဲ့သည် မြစ်ကြီးနား မြို့တော်ခန်းမတွင် အစိုးရဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် တွေဆုံကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ မနန် တူးဂျာက “နမ်ဘီယားနဲ့တော့ တွေ့ခွင့်ရပါတယ်။ ဒါပေမယ့် ဘာမှ ပြန်ပြောခွင့်၊ တင်ပြခွင့်မရပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မစ္စတာ နမ်ဘီးယားက  မြစ်ကြီးနားတွင် နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့များနှင့် တွေ့ရသည်ကို ဝမ်းသာကြောင်း၊ ဤဒေသမှ အဖြစ်အပျက်များကို စိတ်ဝင်စားကြောင်း၊ လက်ရှိအခြေအနေကို အကောင်းမြင်ကြောင်း ပြောသည်ဟု သိရသည်။

လွန်ခဲ့သော တနှစ်ကျော်ကတည်းက စစ်ဘေးတိမ်းရှောင်လာရသည့် ကချင်ဒုက္ခသည်များကို  မြစ်ကြီးနားမြိုနှင့် အနီးတဝိုက်ရှိ  မန်ခိန်၊ အင်ဂျန်တုံ၊ တပ်ကုန်း၊ ဂျာမိုင်ဂေါင်း၊ ဇီးလွန်၊ ကျွန်းပင်သာ၊ ပြန်လည်နေရာ ချထားရေး (ပလန) စသည်ဖြင့် စခန်းပေါင်း ၇ ခုဖွင့်လှစ်ကာ လက်ခံထားကြောင်း၊ စခန်းတခုလျှင် လူဦးရေ ပျမ်းမျှ ၅၀၀ ခန့်ရှိကြောင်း သိရှိရသည်။

လက်ရှိ အခြေအနေတွင် ဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့မှ ထောက်ပံ့သည့် အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား တို့ကိုသာ မီခိုနေရကြောင်း၊ ပြည်တွင်းရှိ လူမှုရေး အဖွဲ့အစည်း များကလည်း ဆန်နှင့် အဝတ်အထည်များကို ထောက်ပံ့ကြောင်း နိုင်ငံရေအကျဉ်းသားဟောင်း ဒုက္ခသည်များကို ကူညီနေသူ ကိုကျော်ကျော်ဦးက ဆိုသည်။

ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွင် ဆေးဝါးပြည့်စုံမှု မရှိသည့်အပြင် အဓိကပြဿနာမှာ သောက်သုံးရေ ရှားပါးမှုဖြစ်ကြောင်း၊   သောက်ရေသန့် ရရှိနိုင်ခြင်း မရှိသည့်အတွက် ဝမ်းလျှော ဝမ်းပျက်ရောဂါများ ဖြစ်ပွားမှုရှိသည့်အပြင် ဝဲ၊ ပွေး၊ ယားနာပေါက်မှုများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။

ဝိုင်းမော်မြို့နယ်တွင်လည်း ယာယီတိမ်းရှောင်စခန်းဟု အမည်ပေးကာ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားသေးသည်။

ထိုသို့ အကူအညီပေးရေး အဖွဲ့များနှင့် တာဝန်ရှိသူများ သွားရောက်နိုင်ခြင်းမှာ ယမန်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIA တို့ ပဏာမ တွေ့ဆုံဆွေးနွေးမှု ရလဒ် ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လက ရှမ်းပြည်မြောက်ပိုင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်စခန်းများကို လုံခြုံရေးအရ ဖယ်ရှားရန် ကြိုးပမ်းရာမှ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ကူးစက်ခဲ့ရာ မကြာသေးမီရက်ပိုင်းကမှ တိုက်ပွဲ ရပ်ဆိုင်းသွားခဲ့သည်။

စစ်ဖြစ်ပွားနေသည့်အတွက် အမဲရောင်နယ်မြေ သတ်မှတ်ခံရကာ မိသားစုများမှာလည်း တိုက်ပွဲများဒဏ်၊ လက်နက်ကြီးနှင့် မိုင်းဒဏ်များကြောင့် အသက်အိုးအိမ် ဆုံးရှုံးရသည့်အပြင် နှစ်ဖက် လက်နက်ကိုင်အဖွဲ့များ နှိပ်စက်မှုများလည်း ခံရကြောင်း၊ ယခုအခါ တိုက်ပွဲများ ရပ်ဆိုင်သွားသည့်အတွက် ကချင်လူထုမှာ စိတ်ချမ်းသာနေကြောင်း ဒေသခံများထံမှ သိရသည်။

Your Thoughts …
Tags: Kachin StatePeaceUN
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

အာဏာရူး စစ်ဘီလူးများနဲ့ ခိုင်းနှိုင်းခြင်းဖြင့် ခွေးများကို မစော်ကားပါနဲ့…

by မနှင်း
14 September 2024
5.1k

သူတို့ဟာ Man’s best friend ဆိုတာ တကယ်ပါပဲ။ သူတို့ဟာ အိမ်မွေး တိရစာ္ဆန် အဆင့်ထက် ပိုပါတယ်…သူတို့ဟာ သခင်အပေါ်မှာ မိတ်ဆွေတွေ အပေါ်မှာ တကယ် Loyal ဖြစ်တဲ့ သူတွေပါ။ သစ္စာ ရှိသူတွေပါ…

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၄)

by အောင်ဇော်
12 August 2023
2.9k

နာဂစ်သည် မြန်မာ စစ်ခေါင်းဆောင်များသာ မဟုတ်ဘဲ အာဆီယံ အတွင်းရေးမှူးသစ် ဆူရင် ပစ်ဆူဝမ်ကိုပါ စာမေးပွဲ စစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၃)

by အောင်ဇော်
29 July 2023
2.9k

ဆူရင် ပစ်ဆူဝမ်ကတော့ ကမ္ဘာလှည့် နိုင်ငံခြားရေး ဝန်ကြီး ဘဝဖြင့် ထိုင်း၏ ပုံရိပ်ကို မြှင့်တင်ခဲ့သည်ဟု မှတ်ချက် ချရမည်။

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

စစ်ကောင်စီ ဖယ်ရှားရေး အရမ်း အရေးပါတဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်

by ဧရာဝတီ
16 November 2024
2.2k

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဦးဆောင် အဖွဲ့ဝင်ဖြစ်သူ မခိုင်ဇာအောင်နှင့် ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

မြန်မာ့အရေး UN ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးပွဲမှာ ဘာတွေပြောကြလဲ

by ဧရာဝတီ
6 April 2024
428

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးကို ဧပြီ ၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
354

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

Next Post
ဆက်သွယ်ရေးအရာရှိ ၈ ဦး တရားရုံးတင် စစ်ဆေးမည်

ဆက်သွယ်ရေးအရာရှိ ၈ ဦး တရားရုံးတင် စစ်ဆေးမည်

အင်းလေးဒေသ လျှပ်စစ်မီးရရေးအတွက် ပြည်နယ်အစိုးရ ငွေထုတ်ချေးပေးနေ

အင်းလေးဒေသ လျှပ်စစ်မီးရရေးအတွက် ပြည်နယ်အစိုးရ ငွေထုတ်ချေးပေးနေ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate