• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်းလေးဒေသ လျှပ်စစ်မီးရရေးအတွက် ပြည်နယ်အစိုးရ ငွေထုတ်ချေးပေးနေ

by ကြယ်ပြာ
6 February 2013
in သတင်း
A A
အင်းလေးဒေသ လျှပ်စစ်မီးရရေးအတွက် ပြည်နယ်အစိုးရ ငွေထုတ်ချေးပေးနေ

အင်းလေး ဖောင်တော်ဦးဘုရား (ဓာတ်ပုံ - myanmartravelinformation.com)

5.3k
VIEWS
Share on FacebookShare on Twitter

အင်းလေးကန် အတွင်းရှိ လျှပ်စစ်မီး မရသေးသောရွာများ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ယခုနှစ်အတွက် ကျပ်သိန်း ၂၆၀၀ ထုတ်ချေး ပေးထားကြောင်း သိရသည်။

ယင်းဒေသသည် ညောင်ရွှေမြို့နယ်အတွင်း၌ ပါဝင်သော်လည်း ကျေးရွာများဖြစ်သောကြောင့် မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်း မပါဝင်သည့်အတွက် နိုင်ငံတော် စားရိတ်ဖြင့် လျှပ်စစ်မီးရရေး ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းယဉ်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
80
KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

12 June 2025
101
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
2.6k

“မီးလင်းသွားတဲ့ရွာက ချေးငွေကို ပြန်ဆပ်ပြီးရင် ကျန်တဲ့ရွာတွေကိုလည်း ဒီချေးငွေနဲ့ လည်ပတ်ပြီးတော့ လုပ်ပေးသွားမှာပါ ” ဟု သူက ပြောသည်။

ရွာတရွာလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ အထိ ချေးယူထားကြကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလကမှ စတင် ထုတ်ချေးပေးလျှက်ရှိရာ ရွာပေါင်း ၁၂ ရွာအထိ ထုတ်ချေးပေးပြီး ဖြစ်ကြောင်း၊ ရွာများတွင် မီးလင်းရေး ကော်မတီများ ဖွဲ့စည်းထားကြကြောင်း သိရသည်။

ချေးယူထားသော ငွေများကို လျှပ်စစ်မီးရရှိပြီးမှသာ ပြန်ပေးရမည်ဖြစ်ကြောင်း၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကို ဆွဲယူ သုံးစွဲခွင့် ရှိသော်လည်း မီးကြိုးနှင့် ဓာတ်တိုင်ဖိုး အတွက် ငွေကြေးအဆင်မပြေ ခြင်းကြောင့် ရွာများတွင် လျှပ်စစ်မီး သုံးစွဲ နိုင်ခြင်း မရှိခဲ့ကြောင်း ပြည်နယ် လျှပ်စစ်ဝန်ကြီးက ပြောသည်။

အင်းလေးဒေသ အထူး ဖွံ့ဖြိုးရေးခေါင်းဆောင် ကိုရေအေးက ချေးငွေ ထုတ်ချေးပေးသည့် အတွက် ဝမ်းသာသော်လည်း၊ အင်းလေးကန်ထဲ၌ ရွာပေါင်း၂၀၀ ကျော်ရှိနေရာ ရွာတရွာ မီးလင်းရန် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် လိုအပ်သည့်အတွက် ချေးငွေသည် လုံလောက်မှု မရှိနိုင်ကြောင်း၊ ရေပြင်တွင် ဓာတ်တိုင် ထူရခြင်းကြောင့် သစ်တိုင် တတိုင်လျှင် အနည်းဆုံး ကျပ် ၂ သောင်းခွဲ ကုန်ကျနိုင်ကြောင်းနှင့် လျှပ်စစ်မီး မရသည့်အတွက် ရွာများအနေဖြင့် သစ်ခုတ်၍ ထင်းသုံးခြင်း၊ မီးသွေးဖုတ် ခြင်းတို့ကြောင့် သစ်တောများ ပြုန်းတီးနေရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“အင်းလေးကန်ကနေ တနိုင်ငံလုံး လျှပ်စစ်မီးသုံးဖို့ ၆၅ ရာခိုင်နှုန်း ထုတ်ပေးနေပေမယ့် လျှပ်စစ်မီး အရသာကို အင်းသားတွေက မခံစားရပါဘူး၊ ကျနော်တို့ ဒေသမှာ သစ်ပင် လာစိုက်ပေးမယ့်အစား လျှပ်စစ်မီးသာ ရအောင်လုပ်ပေးပါ” ဟု ကိုရေအေးက ဆိုသည်။

လက်ရှိ အနေအထားအရ အင်းလေးကန်ထဲမှ ရေများကို မိုးဗြဲရေကာတာဖြင့် ထိန်းထားပြီး လောပိတ ရေအားလျှပ်စစ်မှ တဆင့် လျှပ်စစ်ဓာတ် ထုတ်လုပ်၍ တနိုင်ငံလုံးသို့ ဖြန့်ဖြူးပေးလျှက်ရှိသည်။ အလားတူ လောပိတ ရေအားလျှပ်စစ် တည်ရှိရာ ကယားပြည်နယ်မှ ရွာအများစု သည်လည်း လျှပ်စစ်မီး မရသေးကြောင်း သိရသည်။

အင်းလေးကန် အပါအဝင် ညောင်ရွှေမြို့နယ် အတွင်းရှိ ရွာပေါင်း ၁၁၇ ရွာ လျှပ်စစ်မီး ရရှိခဲ့ပြီးဖြစ်ကြောင်း ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေး အဖွဲ့၏ အချက်အလက်အရ သိရသည်။

လျှပ်စစ်ဝန်ကြီးကနေ ကျေးရွာများတွင် မီးလင်းရေးကော်မတီများ လိုက်လံ ဖွဲ့စည်းပေးနေသကဲ့သို့၊ အင်းလေးဒေသ အထူး ဖွံ့ဖြိုးရေး အဖွဲ့ကလည်း ရန်ကုန်မြို့မှ YTE အောင်သောင်း ထရန်စဖော်မာ ကုမ္ပဏီဖြင့် ချိတ်ဆက်ပြီး အရစ်ကျ စနစ်ဖြင့် ထရန်စဖော်မာများ ဝယ်ယူ၍ မီးလင်းရေးလုပ်ငန်းများ လုပ်နေကြောင်းလည်း သိရသည်။

တနှစ်ထက်တနှစ် ရေများခမ်းခြောက်လာပြီး ရေမျက်နှာပြင် နိမ့်ကျလာခြင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ တိုးပွားလာခြင်း၊လူဦးရေ ထူထပ်လာခြင်း၊ ခရီးသွားလုပ်ငန်းများ၏ စွန့်ပစ်ပစ္စည်းများ များပြားလာခြင်းနှင့် ကျွန်းမျှော စိုက်ခင်းများတွင် ပိုးသတ်ဆေး အသုံးပြုမှု များခြင်းကြောင့် အင်းလေးကန်အတွင်း ရေထုညစ်ညမ်းခြင်း ပြဿနာများကြုံတွေ့နေရသည်။

အင်းလေးကန် ထိန်းသိမ်းရေးအတွက် နော်ဝေ အစိုးရက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးထားကြောင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ယင်းငွေများအား စီမံခန့်ခွဲနေကြောင်း သိရသည်။

ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်၌ ယမန်နေ့က ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဘဏ် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၌ လူ ၄ ဦးလျှင် တဦးသာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လက်ရှိ ဓာတ်အား ပေးဝေနိုင်မှုမှာ အမှန်တကယ် လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်း အောက်သာ ရှိကြောင်း ပြောသွားခဲ့သည်။

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး စီမံချက်တွင် လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ရေး၊ ဆက်သွယ်ရေးစနစ် အဆင့်မြှင့်တင်ရေးနှင့် ဘဏ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် အတိုးနှုန်းမပါသော မတည်ငွေ ဒေါ်လာ ၁၆၅ သန်းကို ကမ္ဘာဘဏ်မှ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: Electricity
ကြယ်ပြာ

ကြယ်ပြာ

ဧရာဝတီ

Similar Picks:

လျှပ်စစ်မီး, ဓာတ်လိုက်သေဆုံးမှု, လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန

လျှပ်စစ်အန္တရာယ် ကင်းဝေးဖို့ ဘယ်သူတွေ တာဝန်ယူသင့်သလဲ

by သွေး (စစ်ကိုင်း)
4 July 2014
2.6k

နယ်တွေ မဆိုထားနဲ့ ရန်ကုန်မြို့ မှာတောင် လျှပ်စစ်ဓာတ်ကြိုး သွယ်တန်း ထားမှုတွေ စနစ်မကျတာ တွေ့ရပါတယ်။ ဓာတ်ကြိုး တွေဟာ ရှုပ်ထွေးနေသလို သက်တမ်း ကြာမြင့်နေတဲ့ ဓာတ်ကြိုး တွေကို လဲလှယ်ပေးမှု အပိုင်းမှာ အားနည်းနေ ပါသေးတယ်။

လျှပ်စစ်, မီတာခ, ရေအားလျှပ်စစ်, လျှပ်စစ်စွမ်းအား, ပွင့်လင်းမြင်သာမှု

“လျှပ်စစ် ပိုလျှံလို့ ရောင်းရတာ မရှိသေးပါဘူး”

by ဧရာဝတီ
21 June 2014
6.5k

ဧရာဝတီ သတင်းထောက် မေခက လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးနဲ့ လျှပ်စစ်မီး လိုအပ်ချက်၊ ထုတ်လုပ်မှု၊ ဖြန့်ချိရောင်းချမှု၊ အခက်အခဲ များအကြောင်း တွေ့ဆုံမေးမြန်း ထားပါတယ်။

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ

by သန်းထိုက်ဦး
6 October 2012
5.9k

ကရင်ပြည်သူ့ပါတီ (KPP) မှ တွဲဖက် အတွင်းရေးမှူး ဦးစောမိုးမြင့်က “ဧရာဝတီကိုပဲ လူတွေက အာရုံစိုက်ကြတယ်၊ သံလွင်ကိုတော့ လူတွေက မေ့နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြစ်ကြီးနား, လျှပ်စစ်မီး, ကချင်ပြည်နယ်, ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားတမြို့လုံး လျှပ်စစ်မီး ရဖို့ လုပ်ပေးမည်

by မေခ
15 October 2013
2.1k

“အမှန်က ဒီအဖွဲ့မှာက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးသားပါ။ နောက်တခုကတော့ လကုန်မှာ မြစ်ကြီးနားတမြို့လုံး မီးရရေးအတွက် လာပြီး လုပ်ဆောင်တာလည်း ပါတာပေါ့။ ကြိုးသွယ်တန်းရေး ကိစ္စတွေကို လုပ်ဆောင်နေပါပြီ။ ဒီလကုန်မှာတော့ မြစ်ကြီးနား က မီးလုံးဝ လင်းတော့မှာပါ”

သံလွင် အထက်ပိုင်း ရေကာတာများ စဆောက်တော့မည်

သံလွင် အထက်ပိုင်း ရေကာတာများ စဆောက်တော့မည်

by မေခ
6 September 2013
2.1k

သံလွင်မြစ် အထက်ပိုင်းရှိ ကွမ်လုံနှင့် နောင်ဗပန်တောင်း ရေအားလျှပ်စစ် စက်ရုံများကို ယခုနှစ်အတွင်း စတင် တည်ဆောက် တော့မည်။ စီမံကိန်း ခံစားချက်အရ နိုင်ငံအနေဖြင့် ထုတ်လွှတ်သည့် ရေအားလျှပ်စစ် မဂ္ဂါဝပ်မှ ၂၅ ရာခိုင်နှုန်းကို ရရှိမည်။

နှစ်ကျပ်ခွဲရွာ ရိုက်ပွဲ ဘယ်လိုဖြစ်

နှစ်ကျပ်ခွဲရွာ ရိုက်ပွဲ ဘယ်လိုဖြစ်

by မန်းသားလေး
4 March 2013
11.6k

ဦးတင်ဖေ၊ ဦးစိန်ခွက်၊ ဦးအောင်နိုင်ဦးနှင့် ဦးကံမိုးတို့ အချုပ်ကျနေသည့် ဦးကောသလ္လထံသို့ သွားရောက် သတင်းမေးစဉ် အဖမ်းခံရခြင်း ဖြစ်ပြီး ကျောက်ပန်းတောင်းသို့ ဈေးတက်ရောင်းသည့် ကိုယ်ဝန်သည် မထားထားဦးလည်း အဖမ်းခံရသည်

Next Post

ဆူဇူကီး ကုန်တင်ကားငယ်များ မြန်မာပြည်တွင် ထုတ်လုပ်မည်

တရုတ်က ကချင် ငြိမ်းချမ်းရေး အတွက် ပါဝင်ဆောင်ရွက်မည်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate