သတင်းတို

တရုတ်က ကချင် ငြိမ်းချမ်းရေး အတွက် ပါဝင်ဆောင်ရွက်မည်

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရေး အတွက် တရုတ်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying က အင်္ဂါနေ့က ပြောသည်။ အစိုးရ ကိုယ်စားလှယ်များနှင့် KIO ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုကို တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် နေ့က ပြန်လည် ပြုလုပ်သည်။ နှစ်ဘက် တွေ့ဆုံဆွေးနွေးမှု အပြီး ပူူးတွဲကြေညာချက် တစောင်လည်း ထုတ်ပြန်သည်။ ယခင် တရုတ် နိုင်ငံ သံအမတ်ကြီးဟောင်း နှင့် ယခု နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အကြီးအကဲ Luo Zhaohui သည် တနင်္လလာနေ့က ပြုလုပ်သည့် ယင်းတွေ့ဆုံဆွေနွေးပွဲသို့ တက်ရောက်ခဲ့သည်။

Loading