သတင်းတို
ကချင်အရေး ဆွေးနွေးမှု ဒဲရစ် မစ်ချဲလ် ကြိုဆို
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော စစ်ရေး ပဋိပက္ခများနှင့်ပတ်သက်ပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ကချင် လက်နက်ကိုင်များကြား ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခဲ့သည့် အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်က ကြိုဆိုကြောင်း သိရသည်။ သံအမတ်ကြီး က ငြိမ်းချမ်းရေးကို ရှေးရှုသည့် ဆွေးနွေးမှုများမှ ပေါ်ထွက်လာမည့် သဘောတူညီမှုများသည် အားတက်စရာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆက်လုပ်သွားမည့် ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်ခြင်းကိုလည်း ကြိုဆိုကြောင်း ဗီအိုအေ သတင်းတရပ်တွင် ပါရှိသည်။ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် လက်ရှိဖြစ်ပွားနေ သော စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေးအတွက် ဆွေးနွေးကြသည်။