သတင်းတို
ဦးသိန်းစိန် ဂျပန်စီးပွားရေး အဖွဲ့ ဥက္ကဋ္ဌ နှင့်တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ တိုကျို အခြေစိုက် KIEDENREN (Japan Business Federation) ဥက္ကဋ္ဌ Mr.Hiromasa YONEKURA ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သမ္မတ အိမ်တော် ဧည့်ခန်းမတွင် တွေ့ဆုံသည်။ ယင်းသို့ တွေဆုံရာတွင် လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် တားဆီး ကာကွယ် ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာများ၊ နည်းပညာ၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ် သတ္တု တူးဖော်ရေး၊ သတင်းဆက်သွယ်ရေး နည်းပညာ၊ စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရေတို ရေရှည် စီမံကိန်းများဖြင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။