ဂျပန် ဆူဇူကီး ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် လာမည့် မေလမှစတင်၍ တလလျှင် ကုန်တင်ယာဉ်ငယ် အစီး ၁၀၀ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်၌ ဖော်ပြထားသည်။ ထိုလုပ်ငန်းအတွက် အစိုးရနှင့် သဘောတူညီချက် ရရှိပြီး ဖြစ်သည် ဟု လည်း ဆိုသည်။ ဆူဇူကီး ကား စက်ရုံကို ရန်ကုန်တွင် တည်ဆောက်ရန် ရှိပြီး လုပ်သား အင်အား ၈၀၊ ၉၀ ရှိမည် ဖြစ်ကြောင်းနှင့် ထုတ်လုပ်သည့် ကုန်တင်ယာဉ်ငယ်များကို ပြည်တွင်းတွင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။