ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ပဋိပက္ခများကြောင့် မြောက်ဦးမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ၈ နာရီ သတ်မှတ်ထားခဲ့ရာမှ အခြေအနေများ တည်ငြိမ်အေးချမ်လာသည့်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစပြီး ည ၁၀ နာရီအထိ လျှော့ချလိုက်ကြောင်း သတင်းရရှိသည်။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ မြောက်ဦးမြို့နယ် ဥက္ကဌလည်းဖြစ်၊ မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးထွန်းလိူင်တို့ ညှိနှိုင်းဆွေးနွေးပြီးနောက် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ခံတဦးက ပြောသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း တကျော့ပြန် ပဋိပက္ခများကြောင့် မြောက်ဦးမြို့တွင် ပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ကို ည ၈ နာရီမှ နံနက် ၆ နာရီအထိ သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ အခြေအနေ အေးချမ်းတည်ငြိမ်လာသဖြင့် ညမထွက်အမိန့်ကို အချိန်လျှော့ပေးသော်လည်း ကမ္ဘာလှည့်ခရီးသည်များ ဝင်ထွက်သွားလာခြင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်ကြောင်း မြောက်ဦးမှ ဧည့်လမ်းညွန်တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။