သတင်းတို

ရွှေ့ပြောင်းအလုပ်သမားများ အတွက် အထောက်အထား One Stop Service ဖြင့် ထုတ်ပေးမည်

This article has been converted from Zawgyi One to Unicode

အထောက်အထားမရှိသေးသည့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားအတွက် အထောက်အထားများ ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စတင်ကာ One Stop Service ဖြင့် ယာယီမြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရး စခန်း ၁၁ ခုတွင် ဆောင်ရွက်ပေး သွားမည်ဟု သိရသည်။ ထိုင်းနိုင်ငံက ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ယင်း လုပ်ငန်းများ ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သော်လည်း နှစ်နိုင်ငံ အစိုးရ အကြီးအကဲများ ညှိနှိုင်း ဆုံးဖြတ်ချက်ဖြင့် နောက်ထပ် ၃ လ ထပ်တိုးနိုင်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်သမား ဖြစ်လာပါက ထိုင်းနိုင်ငံသား အလုပ်သမားများနှင့် မခြားဘဲ အလုပ်သမားအခွင့်အရေး အပြည့်အ၀ ရရှိမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

Loading