• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home SFU

တရားလက်လွတ် စကားများ

by ဧရာဝတီ
7 February 2013
in SFU
A A
တရားလက်လွတ် စကားများ

“လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” (သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်)

17.1k
VIEWS
Share on FacebookShare on Twitter

“လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” (သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်)

“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ နှစ်ချက်ရှိတာပေါ့။ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရတယ်။ သွင်းရတဲ့ အခါကျတော့ မူဆယ် လမ်းကြောင်းကသွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ရတယ်။ အဲဒီကျေးဇူးလေးတော့ သူ့ကိုပြန်ပြီးတော့ကြည့်ရမယ်” (သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက လက်ပံတောင်း သပိတ် သံဃာများကို လျှောက်ထားချက်)

RelatedPosts

မန္တလေးမြို့က အုပ်စုဖွဲ့ ထိုးကြိတ်မှု (ရုပ်/သံ)

မန္တလေးမြို့က အုပ်စုဖွဲ့ ထိုးကြိတ်မှု (ရုပ်/သံ)

13 June 2025
11
သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

13 June 2025
4
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
143
“လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” (သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်)

“နေ့တိုင်း ဥပုသ်စောင့်ကြပေါ့၊ ဒါဆို ညစာလည်း စားဖို့ မလိုဘူး။ အကြွေးလည်းကျေ၊ ကုသိုလ်လည်းရပေါ့။ အကြွေး မကျေရင် သံသရာမှာ သံသရာကြွေးပါပြီး ကျွန်ဖြစ်နေဦးမယ်” (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ဓနုဖြူ လယ်သမားများကို ပြောဆိုချက်)

“ထားဝယ် စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ဖို့ အတွက် ပြည်သူ့စစ် ဖွဲ့ရမယ်။ ရန်သူတွေ ပေါ်နေပြီ။ ရန်သူ ဆိုတာက ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိအောင် ကြားက ကူညီဆောင်ရွက် ပေးနေတဲ့ အရပ်ဘက် ဆိုင်ရာ လူ့အဖွဲ့ အစည်းတွေ” (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ဝန်ကြီးတဦး)

“ရွှေလက်နဲ့ ခေါ်တုန်း လာပါ။ ကျည်ဆံ (Bullet) လွှတ်လိုက်တာ မလိုချင်ပါနဲ့” (အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ – ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

“ဂျက်တိုက်လေယာဉ်တွေ ဝယ်ထားတာ ဗုံးကြဲဖို့ပေါ့” (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦး)

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ အစိုးရ အဖွဲ့ဝင် ဝန်ကြီး၊ သမ္မတ အကြံပေး၊ အာဏာရ ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်နဲ့ လွှတ်တော် အမတ် စသူတွေရဲ့ လူသိရှင်ကြား ပြောစကားတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍတွေမှာ တာဝန်ရှိသူတွေ ဖြစ်ပေမယ့် နိုင်ငံဂုဏ်သိက္ခာ ထိခိုက်မှုကအစ၊ ပြည်ထောင်စု တိုင်းရင်းသားများအပေါ် ဖိနှိပ်လိုမှုများ အလယ်၊ အခြေခံလူတန်းစား လယ်သမားတွေရဲ့ ဘဝကို မစာနာမှုမျိုးတွေအဆုံး တရားလက်လွတ်၊ စကားနောက် တရားပါ ဖြစ်တာကြောင့် ပြည်သူလူထု အကြားမှာ ဝေဖန် ရှုတ်ချမှုတွေနဲ့ ပွက်လောရိုက်စေခဲ့တဲ့ ပြောဆိုချက်တွေပါ။

ဧရာဝတီရဲ့ အတွေးအမြင်ကဏ္ဍမှာ စာရေးဆရာ သစ္စာနီကလည်း “မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ” ဆိုပြီး မကြာမီက ရေးသားခဲ့ပါသေးတယ်။ ဦးနေဝင်းရဲ့ “တပ်ကတော့ မိုးပေါ် ထောင်မပစ်ဘူး။ တည့်တည့် ပစ်မှာ။ နောက် ဆူချင် ပူချင်တဲ့သူတွေ မသက်သာဘူး မှတ်” ဆိုတဲ့ ၈၈ အကြို လမ်းညွှန်ချက်ကိုပဲ နားထဲ စွဲနေကြသလား မသိဘူးလို့ စာရေးဆရာ သစ္စာနီက ဆိုပါတယ်။

ဒီလို အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍမှာ တာဝန်ကြီးကြီးမားမား ယူထားသူများအနေနဲ့ ဒီလို တရားလက်လွတ် ပြောဆိုမှုတွေ ဖြစ်ရခြင်းဟာ အရင် စစ်အစိုးရလက်ထက်ကနေ အရပ်ဝတ် ပြောင်းဝတ်လာတဲ့ သူတွေ အများစုဖြစ်လို့ သူတို့ရဲ့ ဇာတိရုပ်က ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလို အထိန်းအကွပ်မဲ့၊ တာဝန်မဲ့၊ တရားလက်လွတ် ပြောဆိုမှုတွေကို ဘယ်လို မြင်ပါသလဲ၊ ပြန်လည် တောင်းပန်ခိုင်းတာမျိုး၊ တာဝန်ယူပြီး ဖြေရှင်းခိုင်းနိုင်မယ့် ဖိအားပေးမှုမျိုး၊ ဒီလို ပြောဆိုချက်အပေါ် မူတည်ပြီး တစုံတရာ အရေးယူတာမျိုးတွေ လုပ်ခိုင်းသင့်ပါသလား၊ နောက်လူတွေ ဒီလို မပြောဝံ့အောင် မှတ်လောက်သားလောက် ဖြစ်အောင် စံပြ အနေနဲ့ သေချာ မှတ်တမ်းတင်တာမျိုး တခုခု လုပ်သင့်သလား စတာတွေကို ဒီတခေါက် ဧရာတီဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Your Thoughts …
Tags: ဖိုရမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပေးသင့်၊ မပေးသင့်

by ဧရာဝတီ
5 November 2012
11.6k

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပြန်ရမယ် ဆိုရင် ဘယ်လို ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်လာမလဲ။ ဆက်လက် ကန့်သတ်ထားသင့်သလား၊ မသင့်ဘူးလား ဆိုတာတွေကို ဧရာဝတီ ဖိုရမ်မှာ ၀င်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

သဘာ၀ ဘေးအန္တရာယ်များအတွက် ဘာတွေ ပြင်ထားသင့်သလဲ

by ဧရာဝတီ
14 November 2012
5.5k

ငလျင်၊ မုန်တိုင်း၊ ရေကြီးမှု အစရှိတဲ့ သဘာဝဘေးအန္တရာယ်များကို မြန်မာပြည်မှာ ကြုံတွေ့နေရပါတယ်။ - ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း - ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်း - ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ်၊ တာလေငလျင်...

အခြေခံ ဥပဒေ ပြင်ဆင်ရေး မြန်ဆန်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အခြေခံ ဥပဒေ ပြင်ဆင်ရေး မြန်ဆန်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by လင်းသန့်
18 September 2013
3k

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အကောင်အထည် ဖော်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မြန်နိုင်သမျှ မြန် မြန် ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ကျင်းပသော ၈ လေးလုံး ငွေရတု အခမ်းအနား (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဘယ်လို လုပ်ဆောင်ကြမလဲ

by ဧရာဝတီ
9 August 2013
6.3k

အဲဒီအခါမှာလည်း အရပ်ဖက်ကနဲ့ ရာထူးငယ်သူတွေကသာ လာရောက်ဝန်ခံကြပြီး စစ်တပ်ဘက်ကနဲ့ ရာထူးကြီးသူတွေက ဝန်ခံမှု မရှိခဲ့ကြောင်းကိုလည်း ဘုန်းတော်ကြီး ဒက်စမွန်မွန် တူးတူးက ပြောပြခဲ့ပါတယ်။

ခရိုနီ သူဌေးကြီးတွေကို ဘယ်လို သဘောထားကြမလဲ

ခရိုနီ သူဌေးကြီးတွေကို ဘယ်လို သဘောထားကြမလဲ

by ဧရာဝတီ
17 January 2013
19k

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ခရိုနီ သူဌေးကြီးတွေရဲ့ အခန်းကဏ္ဍ အရေးကြီးသလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရိုနီအပေါ် သဘောထားအပေါ် ထင်မြင်ချက်တွေ ဘယ်လိုရှိမလဲ

ဒေါ်အောင်ဆန်းစုကြည်နှင့် ချက် သမ္မတ တွေ့ဆုံ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ချက် သမ္မတ တွေ့ဆုံ ဆွေးနွေး

by လင်းသန့်
16 September 2013
2.4k

ချက် သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ချက် သမ္မတ မစ္စတာ Milos Zeman နှင့် ယနေ့ နံနက် ပိုင်းက သီးခြား တွေ့ဆုံ၍ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ဆွေးနွေးကြကြောင်း သတင်း...

Next Post
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကော်မတီဖွဲ့

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကော်မတီဖွဲ့

“ရှမ်းပြည်နယ်နေ့” အခမ်းအနားကို အနှစ် ၂၀ ကျော်အတွင်း တရားဝင် ကျင်းပခွင့်ရရှိ

“ရှမ်းပြည်နယ်နေ့” အခမ်းအနားကို အနှစ် ၂၀ ကျော်အတွင်း တရားဝင် ကျင်းပခွင့်ရရှိ

Please login to join discussion
No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.4k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate