• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကော်မတီဖွဲ့

by လင်းသန့်
7 February 2013
in သတင်း
A A
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကော်မတီဖွဲ့

နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်ကို ဝေဟင်မှ မြင်ရစဉ် (Photo: Steve Tickner / ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter

အကျဉ်းထောင်များတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူသော “လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ” ကို အစိုးရက စတင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူကာ အစိုးရ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ တချို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားရန် သမ္မတရုံးက ဖေဖော်ဝါရီလ ၆ ရက်နေ့စွဲဖြင့် ညွှန်ကြားထားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
1.3k
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
604
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
39

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ယခင် စစ်အစိုးရများက တောက်လျှောက် ငြင်းဆိုခဲ့သည့် “နိုင်ငံရေး အကျဉ်းသား” ဟူသည့် ဝေါဟာရကို ယခုကဲ့သို့ တရားဝင် သုံးနှုန်းလိုက်ခြင်းသည် ပထမဆုံးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် ကောင်းမွန်သည့် ပထမဆုံး ခြေလှမ်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အထွေထွေ အတွင်း ရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော ဦးတိတ်နိုင်က “ဒီလို နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားလုံးကို တရားဝင် ထည့်သုံးတဲ့ ပုံစံမျိုး အသိအမှတ်ပြုတဲ့ ကိစ္စ၊ နောက်တခါ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိစစ်မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒါက ကျနော်တို့ တောက်လျှောက် တိုက်တွန်းနေတာခဲ့တာပါ။ ဒါကတော့ ဘာပဲပြောပြော ကြိုဆိုရမယ့် ကိစ္စပါ” ဟု ဆိုသည်။

ယခု စတင် ဖွဲ့စည်းလိုက်သည့် ကျန်ရှိ နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီတွင် AAPP ကို အဖွဲ့ဝင်အဖြစ် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ကြားထားကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ၈၈ မျိုး ဆက် ကျောင်းသားများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စသည်တို့လည်း ပါဝင်နိုင်မည်ဟု မျှော်လင့်ထား ကြောင်း၊ ကနဦး ညှိနှိုင်းစာရင်းအရ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၅၀ ဦးခန့် ရှိကြောင်း ဦးတိတ်နိုင်က ဆက်ပြောသည်။

NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက နိုင်ငံရေးအကျဉ်းသားဟူသော စကားလုံးကို ယခုကဲ့သို့ သုံးခြင်းသည် မှန်ကန်သင့်လျော်ကြောင်း၊ NLD အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးစေချင်ကြောင်း၊ လတ်တလောတွင် အဆိုပါ ကော်မတီ၌ ပူးပေါင်းပါဝင်ရေးကို သူ့အနေဖြင့် မသိသေးကြောင်း ပြောသည်။

“အဲဒါတော့ (ကော်မတီမှာ ပါရေး မပါရေးက) ဥက္ကဌ (ဒေါ်အောင်ဆန်းစုကြည်) ပဲ သိမှာပါ။ ကျနော်တို့က ဘာမှ မသိရသေးဘူး။ အစကတည်းက ကျနော်တို့ ဒီစကားလုံးသုံးပြီး တလျှောက်လုံး တောင်းဆိုလာတာ၊ အခုလို သုံးလိုက်တာ မှန်လည်း မှန်ကန်ပါတယ်။ ဒါ အခုလို သုံးတော့ ကောင်းတာပေါ့။ ကောင်းသော ပြောင်းလဲခြင်းတွေပေါ့” ဟု သူက ဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဗမျိုးသိန်းက “ဒီ အရပ်သားအစိုးရ ဦးသိန်းစိန် တက်လာပြီးတဲ့ နောက်ပိုင်းမှာတောင် နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူး၊ ပြစ်မှုဆိုင်ရာ ဥပဒေကျူးလွန် သူတွေပဲ ရှိပါတယ် ဆိုတာကိုပဲ ထပ်ခါတလဲလဲ ပြောတယ်။ နောက်ဆုံး အခုလို နိုင်ငံရေးအကျဉ်းသား စိစစ်ရေးအဖွဲ့ ဖွဲ့တဲ့ အဆင့် ရောက်တယ်။ ဒါကြောင့် ဒါကို တကယ်ကို လက်ခံပြီး ဝမ်းသာစွာ ကြိုဆိုပါတယ်။ ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ ဒီ နိုင်ငံရေးအကျဉ်းသား ဆိုတာကို အသိအမှတ် ပြုလိုက်တာဟာ တကယ့် အပြောင်းအလဲဖြစ်တယ်။ ဒါကြောင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” ဟု ပြောသည်။

ကော်မတီဖွဲ့စည်းမှု ထုတ်ပြန်ချက်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အလေးပေးခြင်း၊ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နိုင်ရေးတို့အတွက် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရေး စိစစ်ဆောင်ရွက်ရန်ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့အပြင် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အနေဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်း၊ လက်ရှိ နိုင်ငံရေး အကျဉ်းသားများအား စိစစ်၍ လွှတ်ပေးသင့်သူများအား လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပြီး စိစစ် တွေ့ရှိချက်များအား သမ္မတထံ တင်ပြသွားမည်ဟု သိရသည်။

AAPP အဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် ဇန်နဝါရီလက လာရောက်ရခြင်းမှာ ယခုကိစ္စများ ဖော်ဆောင်ရန် ဖြစ်ကြောင်း ဦးတိတ်နိုင်က ဆိုသည်။

“အဓိက ကျနော်တို့ လာတာက လက်ကျန် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ လွတ်မြောက်ပြီးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး အပြည့်ရရှိဖို့၊ ပြန်လည် ထူထောင်ရေးလုပ်ဖို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ ဆွေးနွေးတယ်။ နောက်တခါ အစိုးရဘက်ကလည်း ဆွေးနွေးတယ်” ဟု သူက ဆိုသည်။

ယခုကဲ့သို့ ကော်မတီတရပ် ပေါ်ပေါက်လာသည်မှာ ကောင်းမွန်သည့် ခြေလှမ်းအစ ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် သတ်မှတ်မှုနှင့် ပတ်သက်၍ အစိုးရနှင့် တခြားသော ပါတီ၊ အဖွဲ့များအကြား ကွဲလွဲမှုများ ရှိနေနိုင်ကြောင်း၊ အားလုံး ဝိုင်းဝန်း ဆွေးနွေး ညှိနှိုင်းသွားရန် ရှိကြောင်း AAPP နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တချို့က ပြောသည်။

“လတ်တလော အခြေအနေမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပေါ် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးတဲ့ အမိန့်တခုခုတော့ အစိုးရက ထုတ်ပြန်ဖို့လိုမယ်။ ဒါမှသာ နိုင်ငံကူးလက်မှတ် လျှောက်တဲ့သူတွေအနေနဲ့ သာမန်နိုင်ငံသားတွေလို ချက်ချင်းရလာမှာ ဖြစ်တယ်” ဟု AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က အကြံပြုသည်။

အဆိုပါ ဥပဒေတရပ် ထွက်ပေါ်လာရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရဘက်က ထိုကဲ့သို့ လုပ်ဆောင်ပေးပါက ယုံကြည်မှု၊ နားလည်မှုများ ပိုမိုရရှိလာပြီး ကော်မတီ၏ လုပ်ငန်းလည်း ပိုမိုချောမွေ့နိုင်ကြောင်း သူက ဆက်ပြောသည်။

NLD နှင့် AAPP တို့ ပူးပေါင်းကာ လက်ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုများအတွင်း ပညာသင်နေသူများအား ထောက်ပံ့ပွဲကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်ကြောင်း၊ တဦးလျှင် ကျပ် ၁ သိန်းစီဖြင့် AAPP မှ ထောက်ပံ့သူ ၅၈ ဦး၊ NLD မှ ထောက်ပံ့သူ ၇၁ ဦးတို့အား ပေးအပ်ကြောင်း သိရသည်။

Your Thoughts …
Tags: Political PrisonersPresidentsRule of Law
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
“ရှမ်းပြည်နယ်နေ့” အခမ်းအနားကို အနှစ် ၂၀ ကျော်အတွင်း တရားဝင် ကျင်းပခွင့်ရရှိ

“ရှမ်းပြည်နယ်နေ့” အခမ်းအနားကို အနှစ် ၂၀ ကျော်အတွင်း တရားဝင် ကျင်းပခွင့်ရရှိ

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate