သတင်းတို

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှု အပေါ် ကုလ ကြိုဆို

This article has been converted from Zawgyi One to Unicode

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့သော မြန်မာအစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။ ကချင်ပြည်နယ်၌ စစ်မှန်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင် ဆက်လက် ကြိုးပမ်းရန်နှင့် လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ် သေနတ်သံ ချုပ်ငြိမ်းမှုကို ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေးနှင့် တခြား အကူအညီပေးရေးများကို ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်း၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

Loading