သတင်းတို

သမ္မတ ဦးသိန်းစိန်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌတို့ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌ Mr.Haruhiko Kuroda ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ADB မှ ကူညီရေး၊ မြန်မာနိုင်ငံ မြစ်ကြီး သုံးစင်းမှ ရေချိုများကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြစ်ကြောင်း ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနှင့် တောင်အာရှ ပေါင်းကူးတံတား ဖြစ်သည့်အလျောက် အိန္ဒိယ – မြန်မာ – ထိုင်း မော်တော်ကားလမ်း ဖောက်လုပ်ရေး၊ မြန်မာ – လာအို မဲခေါင် မြစ်ကူးတံတား ဆောက်လုပ်မှု၊ ဒေသတွင်းဖွံ့ဖြိုးရေး နည်းပညာနှင့် ငွေကြေးပံ့ပိုးရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

Loading