သတင်းတို
တမူးတွင် ဘေလီတံတား မိုင်းခွဲခံရ
This article has been converted from Zawgyi One to Unicode
စစ်ကိုင်းတိုင်း တမူးခရိုင် တမူး-စေတီ လမ်းမကြီးပေါ်ရှိ မြို့သစ်မြို့နယ်ခွဲအနီးမှ သံပေါင် ဘေလီတံတားတစင်းကို ယမန်နေ့ နံနက်ပိုင်းက သောင်းကျန်သူ အဖွဲ့တချို့က မိုးခွဲ ဖျက်ဆီးခဲ့ကြောင်း မြန်မာ့တပ်မတော် ပိုင် မြဝတီသတင်းဌာန၏ အွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ တံတားမှာ အရှည် ပေ ၂၄၀ နှင့် အကျယ် ၁၂ ပေရှိကြောင်း၊ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားရေလည်တိုင် တချို့ ပြိုကျပြီး သစ်သားကြမ်းခမ်းနှင့် သံပေါင်တချို့ ပျက်စီးသွားကြောင်း၊ မိုင်းခွဲသည့် အဖွဲ့အစည်းကို ဒေသခံများနှင့် ပူးပေါင်း စုံစမ်း ဖော်ထုတ်ဆဲ ဖြစ်ကြောင်း သိရသည်။