သတင်းတို
ဒါကာမြို့ တရုတ်သံရုံးတွင် ရွှေ ဘာဝဓာတ်ငွေ့ စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့ရှိ တရုတ်သံရုံးရှေ့တွင် ရွှေ သဘောဝဓာတ်ငွေ့ စီမံကိန်း ရပ်တန့်ရေးအတွက် ပြည်ပရောက် ရခိုင်အလုပ်သမားအဖွဲ့တခုက ဦးစီးပြီး ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။ ပိုက်လိုင်းလုံခြုံရေး ယူသည့် အစိုးရတပ်များ၏ အဓမ္မပြုမှု ရပ်တန့်ရေး၊ သိမ်းယူထားသော လယ်မြေများ ပြန်ရရေး၊ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ရရှိငွေများ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သုံးရေး စသည်တို့ကို တောင်းဆို ဆန္ဒပြကြကြောင်း သိရသည်။ တရုတ်နှစ်သစ်ကူးရက် ဖြစ်နေသည့်အတွက် တောင်းဆိုချက်စာကို နောက်ရက်များတွင်မှ လာရောက်ပေးရန် သံရုံးဝန်ထမ်းများက ပြောဆိုကြောင်း သိရှိရသည်။