သတင်းတို
KNU နှင့် အစိုးရ ငြိမ်းချမ်းရေး တည်ဆောက်မှု ကြိုဆိုထောက်ခံပွဲ ကျင်းပ
This article has been converted from Zawgyi One to Unicode
အစိုးရနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့အကြား ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ကြိုဆိုထောက်ခံပွဲ အခမ်းအနား ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သတင်းရသည်။ ယင်း အခမ်းအနားကို ကရင် တိုင်း ရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ဧရာဝတီတိုင်း အတွင်းက ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊
မအူပင်၊ မြောင်းမြ၊ ပုသိမ်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ဝါးခယ်မ စသည့် မြို့နယ်များမှ ကရင်တိုင်းရင်းသား ၇၀၀၀ ကျော် တက်ရောက် ကြောင်း သိရသည်။