သတင်းတို

မြန်မာပြည်၌ ဆိုက်ဘာတိုက်ခိုက်မှု မြင့်တက်လာ

This article has been converted from Zawgyi One to Unicode

ရန်ကုန်အခြေစိုက် AP သတင်းဌာန သတင်းထောက် အပါအဝင် ပြည်တွင်း သတင်းထောက်များနှင့် နိုင်ငံခြား သတင်းထောက် အနည်းဆုံး ၁၂ ဦး သုံးစွဲနေသည့် Google mail (gmail) များ၏ အကောင့်များကို ခိုးယူရန် ကြိုးပမ်းမှုများတွေ့ရှိရကြောင်း သိရသည်။ ယင်း အစီအစဉ်ကို မြန်မာအစိုးရက ကျောထောက်နောက်ခံပေး၍ စီစဉ်နေခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့် အပတ်အတွင်း Google က သတိပေးချက် ပေးပို့ထားကြောင်း AP သတင်း တပုဒ်တွင် ဖော်ပြထားသည်။ အစိုးရ ပြန်ကြားရေး ဒု ဝန်ကြီးကမူ ထိုအစီအစဉ်မျိုး ပြုလုပ်ရန် လက်ရှိ အစိုးရတွင် မူဝါဒ ချမှတ်ထားခြင်း မရှိကြောင်း တုံ့ပြန်သည်ဟုလည်း ဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်း ပိုင်းကလည်း သမ္မတရုံး ဝက်ဘ်ဆိုက်နှင့် The Voice Weekly ဂျာနယ်၏ အင်တာနက် စာမျက်နှာများ တိုက်ခိုက်ခံခဲ့ရသေးသည်။ ဇန်နဝါရီလအတွင်းကလည်း Eleven media group ၏ ဝက်ဘ်ဆိုက် တိုက်ခိုက်ခံခဲ့ရသည်။

Loading