သတင်းတို

နိုင်ငံခြား သတင်းသမားများအတွက် ကာလရှည် ဗီဇာပေးရန် စီစဉ်နေ

This article has been converted from Zawgyi One to Unicode

မြန်မာပြည်တွင်း လာရောက် အလုပ်လုပ်ကိုင်မည့် နိုင်ငံခြား သတင်းထောက်များအတွက် ပြည်ဝင်ခွင့် ဗီဇာကို သက်ဆိုင်ရာက တနှစ်အထိ ခွင့်ပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း အစီအစဉ်သစ်အတွက် စည်းမျဉ်းများ ရေးဆွဲနေကြောင်းနှင့် လာမည့် ဧပြီ လလယ် ခန့်တွင် စတင်နိုင်မည်ဖြစ်ကြောင်း၊ သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုမို ကျယ်ပြန့်လာရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်ကို ကိုးကား၍ The Guardian သတင်းတွင် ဖော်ပြထားသည်။

Loading