ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က စပြီး ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ကြောင်း သတင်း ရသည်။ ည ၈ နာရီကနေ နနံက် ၆ နာရီအထိ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် စနေနေ့က မောင်တောတွင် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ ၁ ဦးသေဆုံးမှုဖြစ်ပွားပြီးနောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ယင်းအမိန့်ကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မောင်တော အခြေစိုက် နစက ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထူးလှိုင်က ပြောကြားသည်ဟု RFA သတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။