သတင်းတို
ကင်တာနာ စစ်တွေ သွားရောက်
This article has been converted from Zawgyi One to Unicode
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် စစ်တွေမြို့သို့ သွားရောက်ကြောင်း သတင်းရသည်။ ဖေဖော်ဝါရီ ၁၁ ရက်က သွားရောက်သည့် ခရီးစဉ် အတွင်း ကင်တာနာသည် စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများနှင့် အကျဉ်းထောင်သို့လည်း သွားရောက်ကြောင်း၊ ရခိုင် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မွတ်စလင် ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဘများကိုလည်း တွေ့ဆုံကြောင်း သိရသည်။ မစ္စတာ ကင်တာနာ သည် ၅ ရက်ကြာ ခရီးစဉ် အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။