• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မျှော်လင့်ချက် ခွန်အားကို မြန်မာပြည်တွင် မြင်ခဲ့ကြောင်း သမ္မတ အိုဘားမား ပြော

by လာလစ်ကေဂျာ
13 February 2013
in သတင်း
A A
မျှော်လင့်ချက် ခွန်အားကို မြန်မာပြည်တွင် မြင်ခဲ့ကြောင်း သမ္မတ အိုဘားမား ပြော

ဒုတိယမြောက် အမေရိကန် သမ္မတသက်တမ်းတွင် ပထမဆုံး နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောနေသည့် သမ္မတ အိုဘားမား (ဓာတ်ပုံ - Reuters)

9.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် မျှော်လင့်ချက် ခွန်အားများ ရှိနေသည်ကို ယမန်နှစ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြားလိုက်သည်။

သမ္မတ အိုဘားမားက ကမ္ဘာသူ ကမ္ဘာသားများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် သူ့အနေဖြင့် အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့်လည်း အမေရိကတိုက်မှ အာဖရိက၊ ဥရောပမှ အာရှအထိ ခိုင်မာသည့် မဟာမိတ် ဆက်ဆံရေး ဆက်လက် ရှိနေမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့က နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
550
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
66
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
186

“အမေရိကန်ဟာ ဒီ သမိုင်းဝင် အပြောင်းအလဲ ကာလအတွင်း လွတ်လပ်မှုကို ရှာဖွေနေသူ အားလုံးအတွက် မားမားမတ်မတ် ဆက်လက် ရပ်တည်သွားမယ်” ဟု အိုဘားမားက ဒုတိယမြောက် သမ္မတသက်တမ်းတွင် ပထမဆုံးပြောသည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ဆိုသည်။

အမေရိကန် သမ္မတတဦး၏ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ယမန်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က တရက်တာအတွင်း နိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့သည့် မစ္စတာ အိုဘားမားက သိမြင်ခဲ့ရသည့် မျှော်လင့်ချက်များနှင့် ပတ်သက်၍ အလေးထား ပြောဆိုသွားသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူ နှစ်ပေါင်းများစွာ အကျဉ်းစံဘဝနဲ့ နေလာခဲ့ရတဲ့အိမ်မှာ အမေရိကန် သမ္မတတဦးကို ကြိုဆိုခဲ့တဲ့အချိန်မှာပေါ့၊ မနှစ်က ရန်ကုန်မှာ မျှော်လင့်ချက် ခွန်အားတွေ ကျနော်မြင်ခဲ့ရတယ်။ လမ်းတလျှောက် ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကလည်း အမေရိကန်အလံကို ဝှေ့ယမ်းပြီးကြိုဆိုခဲ့ကြတယ်” ဟု မစ္စတာ အိုဘားမားက ပြောသည်။

အမေရိကန် သမ္မတကို ကြိုဆိုခဲ့သည့် မြန်မာနိုင်ငံသားတဦးက အမေရိကန် ပြည်ထောင်စုမှာ တရားမျှတမှုနဲ့ ဥပဒေရှိကြောင်း၊ မြန်မာနိုင်ငံကိုလည်း အမေရိကန် ပြည်ထောင်စုကဲ့သို့ ဖြစ်ချင်ကြောင်း ပြောဆိုခဲ့မှုကိုလည်း သမ္မတ အိုဘားမားက ပြန်ပြောင်းပြောဆိုသည်။

တနေ့ လုပ်အားခ အမေရိကန် ၁ ဒေါ်လာခန့်သာ ရကြသည့် ဒေသများစွာ ရှိသည်ကို သတိထားမိကြောင်း၊ အမေရိကန် ပြည်ထောင်စု အနေဖြင့်လည်း နောက်ထပ် ဆယ်စုနှစ် ၂ ခုတွင် ထိုကဲ့သို့ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် မဟာမိတ်များနှင့် လက်တွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက ဆိုသည်။

အမျိုးသမီးများ၏ စွမ်းပကားကို အားဖြည့်လျက် ကမ္ဘာ့စီးပွားရေးတွင် အချင်းချင်း ပိုမိုဆက်သွယ်ရေး၊ လူငယ်များကို တောက်ပသည့် အခွင့်အလမ်းသစ်များ ပေးခြင်းတို့သည် လူ့အဖွဲ့အစည်းကို ကူညီအားဖြည့်ပေးစေမည့် လုပ်ရပ်များအဖြစ် ဖော်ဆောင်ခြင်း ဖြစ်ကြောင်း၊ ခုခံအား ကျဆင်းသည့် AIDS ကင်းလွတ်သော မျိုးဆက် ပေါ်ပေါက်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ကြရန်နှင့် ကြိုတင်ကာကွယ်၍ ရသော ကမ္ဘာ့ ကလေးသူငယ် သေဆုံးခြင်းများကို ကယ်တင်ခြင်းဖြင့် ၎င်းတို့ကိုယ်တိုင် ပညာသင်ယူခြင်း၊ ခွန်အားဖြင့်ခြင်း၊ စွမ်းဆောင်ရည် ဖြည့်တင်းခြင်းများ ဖော်ဆောင်ရန် သတိထားကြောင်း သမ္မတ အိုဘားမားက ပြောသည်။

မြောက်ကိုရီယား အစိုးရ၏ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနှင့် ပတ်သက်၍ သမ္မတ အိုဘားမားက “ကျနော်တို့ရဲ့ ကိုယ်ပိုင် ဒုံးလက်နက် ကာကွယ်ရေးအတွက် အားဖြည့်ရင်း မဟာမိတ်တွေနဲ့ အတူရပ်တည်နေစဉ်မှာ မနေ့ညက ကျနော်တို့ မြင်လိုက်ရတဲ့ ရန်စမှုမျိုးဟာ သူတို့ကိုယ်သူတို့ ပိုပြီး အထီးကျန် ဆန်လာရုံပဲရှိမယ်။ ဒီလို ခြိမ်းခြောက်မှုမျိုးကို တုံ့ပြန်အရေးယူတဲ့ နေရောမှာ ဦးဆောင်လှုပ်ရှားသွားမယ်” ဟု ဆိုသည်။

ထို့အပြင် အီရန် ခေါင်းဆောင်များကို သံတမန်ရေးအရ ဖြေရှင်းရန် အချိန်ကျပြီဖြစ်ကြောင်း၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းမှုများကို ကာကွယ်ရေးအတွက် လိုအပ်သမျှကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ရုရှားနှင့်လည်း နျူကလီးယားအရေး ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောဆိုသွားသည်။

“တချိန်တည်းမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ နျူကလီးယား လက်နက်ကြီးများ လျှော့ချရေး ကိစ္စတွေအတွက် နောက်ထပ် အဖြေရှာရေး ရုရှားနဲ့ ဆက်လက် ဆွေးနွေးသွားမယ်။ မလိုလားအပ်တဲ့ သူတွေလက်ထဲ နျူကလီးယားဆိုင်ရာ ပစ္စည်းတွေ မရောက်သွားစေဖို့ လုံခြုံစိတ်ချရစေရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ အားထုတ်မှုတွေကိုလည်း ဆက်လက် ဦးဆောင် သွားမယ်” ဟု သူက ဆိုသည်။

Your Thoughts …
Tags: Barack ObamaUSA
လာလစ်ကေဂျာ

လာလစ်ကေဂျာ

ဧရာဝတီ

Similar Picks:

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

ထရမ့် စမတ်ဖုန်း ထုတ်ဦးမယ်တဲ့

by ဧရာဝတီ
28 June 2025
891

ထရမ့်ရဲ့ ဖုန်းတွေက အမေရိကန်ကို ပြန်လည် ကြီးမြတ်စေမယ် ဆိုတဲ့ ကတိကို ဆက်လက် ကိုင်စွဲထားပေမယ့် အမေရိကန်မှာ ထုတ်လုပ်သွားမယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

by ဧရာဝတီ
13 June 2025
336

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ ခရီးသွားပိတ်ပင်မှု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် မရှိတော့ပါဘူး။

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

သမ္မတ ထရမ့်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ဘယ်သူတွေအကျိုးအမြတ်ရှိမှာလဲ (ရုပ်/သံ)

by ဧရာဝတီ
8 July 2025
239

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က "One Big Beautiful Bill" လို့ခေါ်တဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်ကို ဇူလိုင်လ ၄ ရက်မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

Next Post
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရောင်ခြည်သန်းတော့မည် ဦးသိန်းစိန် ပြော

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရောင်ခြည်သန်းတော့မည် ဦးသိန်းစိန် ပြော

ထိုင်းတွင် ကရင် မိန်းကလေးငယ်တဦး ၅ နှစ်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေခံရ

ထိုင်းတွင် ကရင် မိန်းကလေးငယ်တဦး ၅ နှစ်ကြာ ပိတ်လှောင် နှိပ်စက် ခိုင်းစေခံရ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate