မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်ပေါင်း ၆၅ နှစ် သံတမန်ဆက်သွယ်မှု အထိမ်းအမှတ်အဖြစ် မြန်မာ စစ်သင်္ဘော ၂ စီးသည် လာမည့် သီတင်းပတ်အတွင်း ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေသို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။ UMS 561 နှင့် UMS 562 မြန်မာ စစ်သင်္ဘော ၂ စီးသည် ဖူးခက်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၂၀ မှ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ ဆိုက်ကပ်ရပ်နားသွားမည် ဖြစ်ပြီး၊ ယင်းတို့ကို ထိုင်းနိုင်ငံ ရေတပ်မှ ကြိုဆိုမည် ဖြစ်သည်။ ယင်းသို့ မြန်မာ စစ်သင်္ဘောများ ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းသည် ပထဆုံး အကြိမ် ဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။