သတင်းတို

သမ္မတ ကမ်းလှမ်းချက် ကေအိုင်အေ သဘောတူ

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပေးပို့သော ပေးစာအပေါ် ကေအိုင်အေက အပြုသဘောဆောင်ကြိုဆိုလိုက်ပြီး သမ္မတ၏ ကမ်းလှမ်းမှုအပေါ် သဘောတူညီ ကာ စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ပဋိပက္ခများအဖြေရှာသွားမည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကေအိုင်အိုအဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က  ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်းကသာ တခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း စာတစောင် ရေးသားပေးပို့ခဲ့သည်ဟု ကေအိုင်အို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Loading