လစ်လပ်နေသည့် လွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးချယ်တင်မြှောက်ရန် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး တရပ်ကို ယနေ့ ခေါ်ယူထားကြောင်း သိရသည်။ ယခင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား ဗဟိုအစိုးရ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်ခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်သွားခြင်း ဖြစ်သည်။ ဦးဆန့်ဆင့်အား ထောက်ခံသူများက လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ ဆက်လက်ထားရှိပေးရန် ဆန္ဒပြမှုများလည်း ဧရာဝတီတိုင်းတွင် ပေါ်ပေါက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။