တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ များအနေဖြင့် အမှန်တကယ် ငြိမ်ချမ်းရေး ရယူလိုပါက အချိန်မရွေး လာရောက်တွေ့ ဆုံဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်လိုက်သည်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ စစ်သည် မိသားစုဝင်တို့ကို တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။ လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့မှာ ဒုတိယ အဆင့်ဖြစ်သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားပြီး KIA တပ်ဖွဲ့ တဖွဲ့သာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြောင်း ၎င်းက ဆိုသည်။ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း တိုင်းရင်းသား အားလုံး ငြိမ်းချမ်းရေး ရရှိအောင် ဝိုင်းဝန်း ကြိုးစားကြရန် လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တက်ရောက်လာသည့် ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။