သတင်းတို
အိန္ဒိယ အောက်လွှတ်တော် ဥက္ကဋ္ဌ နှင့် ဦးသိန်းစိန် တွေ့ဆုံ
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Honourable Smt. Miera Kumar တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာ၌ ကုလားတန်မြစ် စီမံကိန်း အကောင်အထည် ဖော်ရေး၊ အိန္ဒိယ-မြန်မာ- ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမ အမြန်ပြီးစီးရေး၊ မိုရေး-တမူး-ကလေး-ကလေးဝ-မန္တလေးလမ်း ပြုပြင်မှုများ စသည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး တို့ကို ဆွေးနွေးကြောင်း သိရသည်။ မစ္စ Honourable Smt. Miera Kumar သည် ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့နှင့်လည်း တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။