စစ်ဗိုလ်ချုပ် နှစ်ဦးကို ပြည်ထောင်စု ဝန်ကြီးများ အဖြစ် သမ္မတ ဦးသိန်းစိန် က ခန့်အပ်လိုက်သည်။ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို နယ်စပ်ရေး ရာ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ထားသည်။ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း သည် ကာကွယ်ရေး ဦးစီးချုပ်(လေ) တာဝန်ယူခဲ့သူ ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း သည် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) – ၄ ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။