သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင် သစ် နှစ်ဦး ခန့်အပ်လိုက်သည်။ ဧရာဝတီတိုင်း ပန်းတနော် မြို့နယ် တစည ပါတီ ပြည်သူ့လွှတ်တော် အမတ် ဦးမန်းမောင်မောင်ဉာဏ် နှင့် ဦးငွန်မောင်း တို့အား နိုင်ငံတော် သမ္မတရုံးမှ ဖေဖော်ဝါရီ ၁၄ ရက်စွဲပါ အမိန့်အမှတ် (၈/၂၀၁၃) ဖြင့် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယခင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဟု ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က အမည်ပြောင်း လဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးဌာ န ဝန်ကြီး ဦးတင်စိုးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ အဖြစ်ရွေးကောက်တင်မြှောက်လိုက်သောကြောင့် ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ ဦးငွန်မောင်းကို ဦးတင်စိုး ၏ လူမှုရေးဝန်ကြီးနေရာ၌ ခန့်အပ်ခြင်း တို့လည်း သတင်းစာတွင် ပါရှိသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။