သတင်းတို
မြန်မာ-အိန္ဒိယ စီမံကိန်းများ အရှိန်မြှင့် လုပ်ဆောင်
This article has been converted from Zawgyi One to Unicode
လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ စီမံကိန်းများကို မြန်မာ-အိန္ဒိယ ပူးပေါင်း၍ ပိုမိုအရှိန်မြှင့် လုပ်ဆောင် နေကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယ အောက်လွှတ်တော် ဥက္ကဋ္ဌ Honourable Smt. Miera Kumar တို့ ဗုဒ္ဓဟူး နေ့က တွေ့ဆုံဆွေးနွေးအပြီး ကုလားတန်မြစ် စီမံကိန်းအပါအဝင် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ တိုးမြှင့်လုပ်ဆောင်ရန် သဘော တူညီချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ကုလားတန်မြစ် ကဏ္ဍစုံ ပို့ဆောင်ဆက်သွယ်ရေး စီမံကိန်းကို လုပ် ကိုင်လျက်ရှိပြီး ချင်းပြည်နယ် ပလက်ဝနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ် နယ်သို့ ဆက်သွယ်သည့် အဝေးပြေး လမ်းမကြီး စီမံကိန်းကိုလည်း လုပ်ကိုင်လျက်ရှိကြောင် ယမန်နေ့ထုတ် မြန်မာ အလင်း သတင်းစာတွင် ပါရှိသည်။