အမေရိကန် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ မြန်မာခရီးစဉ် ပြီးဆုံး
This article has been converted from Zawgyi One to Unicode
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် မြန်မာပြည်သို့ ပထမဆုံး ရောက်ရှိလာသည့် အမေရိကန် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (Peace Corps) ဒါရိုက်တာ Carolyn Hessler-Radelet သည် ၎င်း၏ ၅ ရက်ကြာ ခရီးကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။ ခရီးစဉ် အတွင်း သမ္မတရုံးမှ ကိုယ်စားလှယ်များ၊ ပညာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံခြားရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အပါအဝင် အစိုးရ ဝန်ကြီး ဌာနများသို့ သွားရောက်ပြီး လွန်ခဲ့သည့် နှစ် ၅၀ ကာလ အခြေအနေနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့၏ ပါဝင်လုပ်ဆောင်မှုများ စသည်တို့ကို ဆွေးနွေးသည်။ Peace Corps ကို ကမ္ဘာတဝန်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ၁၉၆၁ ခုနှစ်တွင် ထူထောင်ခဲ့ြ့ခင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၃၉ နိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှု ပေါင်း အကြိမ် ၂ သိန်းကျော် ဝန်ဆောင်မှု ပေးနိုင်ခဲ့ သည်။ ယခုအခါ စေတနာ့ဝန်ထမ်း ၉၀၀၀ ကျော်ဖြင့် ဒေသတွင်း ပညာရေး၊ သဘာ၀ ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူငယ်နှင့် လူ့အဖွဲ့အစည်း ဆိုင်ရာများ အားပေးမြှင့်တင်ပေးနိုင်ရေးများကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက ထုတ်ပြန်ထားသည်။