ထိုင်းအလုပ်ရှင် လင်မယား၏ နှိပ်စက်ခြင်းခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးငယ် နှင့် ပတ်သက်ပြီး အစိုးရကိုယ်စား တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ အဖွဲ့ ညွန်ကြားရေးမှူး ဦးနိုင်ထွန်း ဦးဆောင် သည့် ညှိနှိုင်းဖြေရှင်ရေးအဖွဲ့အား စေလွှတ်လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့သည် ကရင် မိန်း ကလေးငယ်အား အလုပ်သမား ဝန်ကြီးဌာန၏ ကနဦး ထောက်ပံ့ကြေး ဘတ်နှစ်သောင်း ပေးအပ်မည် ဖြစ်ကြောင်း၊ အသေးစိတ် မေးမြန်း စုံစမ်းမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ရရှိရေး၊ ထိုက်တန်သည့် နစ်နာကြေး ရရှိရေး၊ ဥပဒေကို ချိုးဖောက် ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရေး စသည်တို့ကို ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနက ဆိုသည်။ ယင်းမိန်းကလေးကို ထိုင်း လင်မယားက ၇ နှစ်အရွယ် စတင်၍ ၅ နှစ်ကြာ ဖမ်းဆီး ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။