အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကောင်အထည်ဖော်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဝက်ဘ်ဆိုက်နှင့် စာအုပ် ထုတ်လွှင့်ဖြန့်ချိမှု အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်လေ့လာနိုင်ရန် Myanmar Peace Monitor ဝက်ဘ်ဆိုက် နှင့် Deciphering Myanmar’s Peace Process book စာအုပ် ထုတ်လွှင့်ခြင်းကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် Burma News International(BNI) အဖွဲ့က ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ BNI သည် တိုင်းရင်းသား သတင်းဌာနအများစု ပါဝင်သည့် သတင်းမီဒီယာ ၁၁ ဖွဲ့ ပူးပေါင်းထားသော အဖွဲ့ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။